ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday, 12 May 2012

မဂ္ဂင်လမ်းစဉ်ဟာ အားလုံးအတွက်

တစ်ခါတော့ လူတွေက မြတ်စွာဘုရားကို လျှောက်ထားကြပါတယ်။ “တပည့်တော်၊ တပည့်တော်မတို့ဟာ အိုးအိမ်ကိုစွန့်ပြီး ဘိက္ခု၊ ဘိက္ခုနီလဲ မလုပ်နိုင်ကြပါဘူး။ လူဝတ်ကြောင် ဘ၀နဲ့ပဲ တပည့်တော်၊ တပည့်တော်မတို့သည် သံသရာ ၀ဋ်ဆင်းရဲ့ လွတ်မြောက်လိုပါတယ်။ ဘုရား”လို့ လျှောက်ထားတော့ မြတ်စွာဘုရားက အမိန့်ရှိပါ တယ်။


ဒီမဂ္ဂင်လမ်းစဉ်ဟာ၊ ဒီကမ္မဋ္ဌာန်းနည်းဟာ သတ္တ၀ါတွေအားလုံးအတွက် ဖြစ်ပါတယ်။ ဘိက္ခု၊ ဘိက္ခုနီ၊ လူဝတ်ကြောင် အမျိုးသား၊ အမျိုးသမီး ဘယ်လိုမှ ခြားနားမူမရှိပါဘူး။ ဒီနည်းကိုပဲ အားလုံးကျင့်ကြရမှာပါပဲ ဖြစ်ပါတယ်။ ဒီလမ်းကိုသာ အားလုံးလျှောက်ကြရမှာဘဲ ဖြစ်ပါတယ်။


လူဝတ်ကြောင်တွေအတွက်တော့ ကျင့်ဖို့ရာက ပိုပြီးခဲယဉ်းတာပေါ့။ သူတို့ကပိုပြီး ကြိုးစားရတာပေါ့။ အသက်မွေးဝမ်းကြောင်းနဲ့ စားရေးသောက်ရေးအတွက် ရှာရဖွေရတာ၊ သားရေးသမီးရေး အိမ်ထောင်ရေးကိစ္စတွေ၊ တခြားလူမူကိစ္စတွေ ဆောင်ရွက်ရတာတွေဟာ အချိန်ကိုကုန်စေတာပေါ့။ ပြီးတော့လဲ အာရုံဆွဲဆောင်မူတွေကများတော့ တရားကျင့်ဖို့ရာ ခဲယဉ်းတာပေါ့။ ဒါပေမယ့် ဆက်ပြီး ၀ီရိယနဲ့ မှန်မှန်ကျင့်သွားမယ်ဆိုရင်တော့ လမ်းဆုံးပန်းတိုင်ကို ရောက်ရမှာပါပဲ။


ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment