တချို့ကလည်း သူတို့ပင်ကိုမူလ ကိုးကွယ်တဲ့ဘာသာ၊ မိရိုးဖလာယုံကြည်မူတွေနဲ့ အတိုက်အခံဖြစ်မှာစိုးလို့၊ တချို့ကလည်း သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းကို ထိခိုက်မှာစိုးလို့၊ တချို့ကတော့ မိရိုးဖလာ လုပ်ရိုးလုပ်စဉ် ပူဇော်ပသတာတွေ ကိုးကွယ်တာတွေကို လုပ်ပေးပြီး အသက်မွေးဝမ်းကျောင်းရှာသူတွေဖြစ်တယ်။
အသက်မွေးဝမ်းကျောင်းရှာသူတွေဖြစ်တော့ မြတ်စွာဘုရားရဲ့ တရားကို လူတွေက လိုက်နာသွားရင် သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်တွေ မလုပ်ကြတော့ သူတို့ရဲ့ ထမင်းအိုးကွဲမှာ ကြောက်လို့ မြတ်စွာဘုရားရဲ့ တရားဓမ္မတွေကို လက်မခံကြပါဘူး။ အဲဒီအချိန်ကာလတုန်းကဆိုရင် တရားပွဲတွေ ကျင်းပပြီး အပြိုင်အဆိုင် တရားဆွေးနွေးပွဲတွေ လုပ်လေ့ရှိပါတယ်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။
No comments:
Post a Comment