ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday, 12 May 2012

ဘုရားရှင်ရဲ့ကျင့်စဉ်

တချို့လူတွေက မြတ်စွာဘုရားနဲ့ တရားစကားအခြေအတင်ပြောဖို့ လာကြတဲ့အခါမှာ “ဘယ်အချက်တွေကို ပြောရပါ့မလဲ”လို့ စဉ်းစားတော့ သူ့ကျင့်စဉ် သူ့တရားကို အပြစ်ရှာဖို့ဆိုပြီး သူ့ကျင့်စဉ်ကဘာလဲလို့ စုံစမ်းကြည့်တော့ မြတ်စွာဘုရားရဲ့ လမ်းစဉ် ကျင့်စဉ်က သီလ၊ သမာဓိ၊ ပညာဆိုတာကို သိရပါတယ်။


သီလဆိုတာက ကောင်းတာပဲ။ ဒီအချက်နဲ့ ပြောလို့မဖြစ်ပါဘူး။ သမာဓိဆိုတာကရော စိတ်ကိုတည်ငြိမ်အောင်လုပ်တာ၊ ဒါလဲကောင်းတဲ့ အလုပ်ကိစ္စပဲ။ ဒီအချက်ကို အပြစ်ပြောလို့မရပါဘူး။ ပညာဆိုတာကတော့ စိတ်အတွင်းမှာရှိတဲ့ အညစ်အကြေးတွေကို စင်ကြယ်အောင် ပြုလုပ်ရတဲ့ပညာ၊ ဒါကလဲ ကောင်းပါလား။ ဒီအချက်တွေနဲ့တော့ အနိုင်ယူလို့ရမှာ မဟုတ်ပါဘူး။ နောက်များဘာရှိသေးလဲလို့မေးတော့ နောက်ဘာမှမရှိပါဘူး။ တခြားကိစ္စတွေကို သင်လဲမသင်ဘူး။ ကျင့်လည်းမကျင့်ဘူး။ ဗုဒ္ဓမြတ်စွာဘုရား သင်ပြတာ ဟောပြောတာ ကျင့်သုံးတာဟာ သီလ၊ သမာဓိ၊ ပညာ၊ ဒါပါပဲ။


သီလ၊ သမာဓိ၊ ပညာအပြင် ဘာကိုမှ သင်လည်း မသင်ပါဘူး။ ဒီပုဂ္ဂိုလ်ကို ဘယ့်နှယ်လုပ်ပြီး အတိုက်အခံလုပ်လို့ ရပါ့မလဲ။ ဒါတွေနဲ့တော့ မရနိုင်ဘူး။ ဒီတော့ နည်းတစ်ခုခုကို ရှာမှပဲ။ သူ့မှာ နာမည်ပျက်တာ တစ်ခုခုတော့ ရှိရမယ်။ ဘာလဲဆိုတာကို ရှာကြည့်ကြစမ်းပါ။ နာမည်ပျက်တာ တစ်ခုမှ မရှိဘူးဆိုရင်လဲ ဒို့က တစ်ခုခုကို ထွင်ရမှာပဲ။ ရဟန်းဆိုတော့ နာမည်ပျက်စရာ ငွေရေးကြေးရေးကိစ္စဖြစ်ဖြစ်၊ မိန်းမကိစ္စဖြစ်ဖြစ် ထွင်ပေးရမှာပဲ။ ငွေရေးကိစ္စကတော့ မဖြစ်နိုင်ပါဘူး။ ငွေကြေးကိုမပြောနဲ့ နန်းစည်းစိမ်ကြီးကိုတောင် စွန့်လွှတ်ခဲ့တဲ့ ပုဂ္ဂိုလ်ပဲ။


ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment