ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday, 12 May 2012

စိဉ္စမာဏ၀ိကာ စွပ်စွဲပေမယ့် မတုန်လူပ်

ဒီတော့ မိန်းမနဲ့ ပတ်သက်တဲ့ကိစ္စကို ထွင်ပေးရလိမ့်မယ်ဆိုပြီးတော့ စိဉ္စမာဏ၀ိကာဆိုတဲ့ အမျိုးသမီးကို ကိုယ်ဝန်ရှိဟန်ဆောင်ပြီး လူပုံအလယ်မှာ စွပ်စွဲခိုင်းပါတယ်။ မြတ်စွာဘုရားက တုန်လူပ်ခြင်း အချဉ်းမရှိပါဘူး။ အမျက်ဒေါသလဲ မထွက်ပါဘူး။ ဟုတ်၊ မဟုတ်လဲ ငြင်းမနေပါဘူး။ အတိုင်းမသိသော အပ္ပမာဏ မေတ္တာဓာတ်နဲ့ပဲ မေတ္တာပွားနေပါတယ်။

မြတ်စွာဘုရားရဲ့ ကြီးမားလှတဲ့ မေတ္တာတန်ခိုးတော်ကြောင့် အမျိုးသမီးက မနေနိုင်ဖြစ်လာပြီး သူ့ဗိုက်မှာ စည်းထားတဲ့ ကိုယ်ဝန်ရှိဟန်ဆောင်ထားတဲ့ သစ်သားတုံးက ပြုတ်ကျလာပြီး အဖြစ်မှန် ပေါ်လာပါတယ်။ ရန်ကိုရန်ချင်း၊ ဒေါသကိုဒေါသချင်း ဖြေရှင်းလို့ မရပါဘူး။ မေတ္တာ၊ ဂရုဏာနဲ့ စိတ်ကအေးချမ်း နေရမှာဖြစ်ပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment