ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday, 12 May 2012

ပုဏ္ဏားအိုကြီးနှင့် ဘုရားရှင်

နောက်တစ်ကြိမ်မှာလည်း ပုဏ္ဏားအိုကြီးတစ်ဦးက သူ့ရဲ့သား ၇-ယောက်၊ ချွေးမ ၇-ယောက်စလုံးဟာ မြတ်စွာဘုရားထံမှာလာပြီး တရားကျင့်ကြတော့ အဘိုးအိုကြီးက မကျေမနပ်ဖြစ်ပြီး စိတ်ဆိုးပြီးတော့ ဘုရားထံ ကန့်ကွက်ဖို့ ရန်တွေ့ဖို့ ဒေါသနဲ့သွားပါတယ်။

ဘုရားထံရောက်တော့ အဘိုးအိုကြီးက ဒေါသနှင့်ပြောဆိုတော့ မြတ်စွာဘုရားက “အဘိုးကြီး သင်ရဲ့အိမ်ကို ဧည့်သည်များ မလာကြဘူးလား။ လာတဲ့ဧည့်သည်တွေရော တချို့က လက်ဆောင်တွေမယူလာကြဘူးလား။ ဒီလက်ဆောင်ကို သင်ကလက်မခံရင် ဒီလက်ဆောင်က ဘာဖြစ်သွားပါသလဲ”လို့မေးတော့ အဘိုးကြီးက “ပေးတဲ့လက်ဆောင်ကို လက်မခံရင် ဒီလက်ဆောင်ဟာ ပေးတဲ့ပုဂ္ဂိုလ်ထံမှာပဲရှိနေသေးတာပေါ့”လို့ ဖြေပါတယ်။ ဒီတော့ မြတ်စွာဘုရားက ဒီအတိုင်းပါပဲ။ “သင်လာပေးတဲ့ ဒေါသလက်ဆောင်ကို ကျွန်ုပ်က လက်မခံတော့ ဒီဒေါသဟာ သင့်ထံမှာပဲ ရှိနေပါတယ်”လို့ မိန့်တော်မူပါတယ်။

အဘိုးကြီးက အင်မတန်ပညာရှိတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အမှန်မသိမူ အ၀ိဇ္ဇာမြူမူန်ကလေး နည်းနည်းကလေးသာ အုပ်နေသူဖြစ်တော့ ဘာသာရေးအစွဲတွေ၊ ထုံးတမ်းစဉ်လာ စရိုက်အရ လုပ်ဆောင်မူတွေကို စွဲလမ်းမူတွေဖြစ်နေတော့ ဒါတွေဟာ အတားအဆီးတွေ ဖြစ်နေကြတာပါ။ မြတ်စွာဘုရားက အမိန့်ရှိလိုက်တာကို အဘိုးကြီးက နားလည်သွားပြီး ဘုရားထံမှာ တရားတောင်းပါတယ်။ လူတွေဟာ ကိုယ့်ကိုမကောင်းတဲ့ လက်ေ်ဆာင်ပေးလာရင် ကိုယ်ကမကောင်းတဲ့လက်ဆောင် ၁၀-ခုလောက် ပြန်ပေးလေ့ရှိပါတယ်။ သူလဲစိတ်မချမ်းသာ၊ ကိုယ်လဲစိတ်မချမ်းသာ ဖြစ်ကြရပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment