ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday, 12 May 2012

ခန္ဓာကိုယ်ရဲ့ အတွင်းက ဖြစ်ပျက်ကို ဥပေက္ခာနဲ့ရူနေ

အရေးကြီးတဲ့အချက်ကတော့ ခန္ဓာကိုယ်အတွင်းမှာ ဖြစ်ပျက်နေတာတွေကို ရူနေဖို့သာ ဖြစ်ပါတယ်။ လူတွေဟာ ကိုယ့်ကိုယ်ကိုတော့ ပြန်မကြည့်ကြဘဲ သူများတွေကို ကြည့်ကြပြီး သူများတွေကို ပြုပြင်ပြောင်းလဲ ပေးချင်ကြပါတယ်။ ကိုယ့်ရဲ့အတွင်းက အမှားတွေကိုတော့ မပြုပြင်ကြဘဲနဲ့ အပြင်လောက လူတွေကိုသာ ကြည့်နေကြပြီးတော့ ဒုက္ခနယ်ထဲက မထွက်နိုင်ကြဘဲ ဒုက္ခထဲမှာဘဲ လုံးထွေးနေကြပါတယ်။

ယောဂီတို့ဟာ အတွင်းအဇ္ဈတ္တကိုကြည့်ပြီးတော့ လေ့လာကြမယ်ဆိုရင် ဒုက္ခဖြစ်ရခြင်းရဲ့ အကြောင်းတရား = သမုဒ္ဒယဟာ ပြင်ပနဲ့ ဘာမှမဆိုင်ပါဘူး။ မိမိရဲ့အတွင်းက ဖြစ်ပေါ်လာတာဆိုတာကို တွေ့ရှိလာကြပါလိမ့်မယ်။

ဒီလိုအတွင်းက ဖြစ်ပေါ်နေကြတာကို ဖြေရှင်းဖျောက်ဖျက်ပစ်လိုက်ရင်တော့ ဒုက္ခတွေက အေးငြိမ်းကင်းလွတ်သွားကြမှာ ဖြစ်ပါတယ်။ ဒါကိုပဲ မြတ်စွာဘုရားက တစ်ချိန်လုံး ဟောပြောခဲ့တာပါပဲ။ အတွင်းဖြစ်ပျက်နေတဲ့ဟာတွေကို ဥပေက္ခာနဲ့ရူနေပါ။ အညစ်အကြေးတွေ ကုန်စင်သွားကြပြီး လူတွေဟာ ဒုက္ခဆင်းရဲ အပေါင်းက လွတ်ငြိမ်းချမ်းသာကြပါလိမ့်မယ်”လို့ ဟောပြောခဲ့ပါတယ်။

ဒီလို လုပ်ကိုင်ဖို့ရာမှာ ဘယ်ဘာသာဝင်မှ မဟုတ်ပါဘူး။ လူဟာ လူပါပဲ။ လူဆိုရင် လူမျိုးမရွေး ဘာသာမရွေး၊ အကုသိုလ်မူတွေကို၊ ဒုစရိုက်တွေကို ကျူးလွန်ကြရင်၊ အကုသိုလ် စိတ်တွေနဲ့တုံ့ပြန်ကြရင် ဒုက္ခတွေ ကြုံတွေ့ကြရမှာပါပဲ။

အကုသိုလ်စိတ်တွေ ဖယ်ရှားလိုက်နိုင်ပြီး စိတ်ဟာ သန့်ရှင်းစင်ကြယ်လာပြီဆိုရင်တော့ ဒုက္ခတွေက လွတ်မြောက်ကြမှာ မလွဲပါဘူး။ ဒါဟာ သဘာဝဓမ္မအတိုင်းပါပဲ။ စိတ်ရဲ့ အနက်ရိုင်းဆုံး အပိုင်းကို ဥပေက္ခာနဲ့ရူနေပါ။ ဥပေက္ခာစိတ်ပွားပါဆိုတာဟာ အသက်မရှိတဲ့ ငှက်ပျောတုံးကြီးလို လုပ်လိုရာလုပ်၊ ဓားနဲ့ခုတ်ခုတ် တုတ်နဲ့ရိုက်ရိုက် ငါဟာ ၀ိပဿနာယောဂီပဲလို့ လုပ်နေရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment