ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday, 14 May 2012

ဘ၀ရဲ့နေထိုင်ရေးပညာ

ဒီဝိပဿနာတရားနည်းဟာ ဘ၀ရဲ့နေထိုင်ရေးပညာပါပဲ။ မိမိရဲ့ဘ၀ကို ချမ်းသာစွာ အေးငြိမ်းစွာ ဘယ်လိုနေရမလဲဆိုတာပါပဲ။ တရားစခန်းကိုလာပြီး တရားပတ်တွေ တက်ပြီးတော့ ယောဂီဟာ ရထားတဲ့တရားကို မိမိရဲ့ဘ၀ နေ့စဉ် နေရေးထိုင်ရေး ကိစ္စတို့မှာ အသုံးပြုရန် လိုပါတယ်။

ဘ၀မှာ အတွေ့အကြုံတွေ အမျိုးမျိုးနဲ့ ရင်ဆိုင်ရတဲ့အခါမှာ စိတ်ကို မတုန်မလူပ် ငြိမ်သက်စွာထားနိုင်ပြီး ဥပေက္ခာ ရူနိုင်လာပါလိမ့်မယ်။ စိတ်ဟာ တုန်လူပ် ချောက်ချားခြင်းလည်း မဖြစ်တော့ပါဘူး။ ကိုသိုလ်စိတ်တွေ၊ မေတ္တာ၊ ကရုဏာ၊ စေတနာ ကောင်းတွေ ပွားများသထက် ပွားများလာရင်တော့ ယောဂီတို့ဟာ တရားရဲ့ အကျိုးကျေးဇူးတွေကို လက်တွေ့ခံစား နေကြရပါပြီ။ အားမလျှော့ကြပါနဲ့။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment