ပါရမီဖြည့်ဖို့လို
ယောဂီတို့ဟာ လုံးဝ အပြစ်ကင်းစင်သွားမှာတော့ မဟုတ်ပါဘူး။ ယောဂီတို့ရဲ့ ရည်မှန်းချက်ကလည်း ရှင်းလင်းရမှာ ဖြစ်ပါတယ်။ တိတိကျကျလည်း နားလည်ရမှာ ဖြစ်ပါတယ်။ ဒီလိုတရားပတ်ကိုလာပြီး တရားကျင့်တဲ့ ဓမ္မလမ်းစဉ်ပေါ်မှာ ခြေလှမ်းတစ်လှမ်း တိုးတိုင်းတိုးတိုင်း လှမ်းတိုင်းလှမ်းတိုင်း ယောဂီတို့ဟာ မိမိတို့ရဲ့ အရည်အချင်းတွေ ပါရမီတွေ တိုးပွားနေတာ ဖြစ်ပါတယ်။

ဒီကောင်းတဲ့ အရည်အချင်းတွေ ပါရမီတွေက ယောဂီတို့ကို ကယ်တင်မှာဖြစ်ပါတယ်။ ဘ၀သံသရာက လုံးဝလွတ်ကင်းနိုင်အောင်လို့ ပါရမီ ၁၀-ပင်လယ်ကြီးကို ဖြတ်ကူးပြီးတဲ့အခါမှာ ဆင်းရဲကင်းရာဖြစ်တဲ့ ဟိုဘက်ကမ်းကို ပို့ဆောင်နိုင်ကြမှာ ဖြစ်ပါတယ်။ ဒီပါရမီတွေကို ယောဂီတို့က တက်အားသမျှ ဖြည့်ကြပါ။ အခုလို တရားပတ်ကို ၀င်ကြတဲ့အခါမှာ ယောဂီတို့ဟာ ပါရမီတွေကို နည်းနည်းချင်း နည်းနည်းချင်း အထွတ်အထိပ်သို့ ရောက်နိုင်ကြပါလိမ့်မယ်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment