ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday, 14 May 2012

စိတ်ကောင်းမွေးဖို့လို

ယောဂီတွေ တချို့က တရားအတော် ရင့်ကျက်နေကြတာတောင်မှ ဓမ္မကို ကောင်းကောင်း နားမလည်ကြသေးပါဘူး။ “ငါ့ မိန်းမက ဒီလို၊ ငါ့ယောက်ျားက ဒီလိုနဲ့ ဘယ်သူဘယ်ဝါကဖြင့် ဆိုးသွမ်းနေတာပဲ။ သူတို့က မကောင်းတာ၊ သူတို့က စိတ်ထားအကျင့် စာရိတ္တ ပြောင်းဖို့လိုတယ်”လို့ ပြောနေကြပါတယ်။

ဒီယောဂီတွေ နားမလည်တဲ့အချက်က တစ်ဦးတစ်ယောက်က ဖောက်ပြန်နေမယ်၊ ဆိုးသွမ်းနေမယ်၊ အကုသိုလ်မူတွေ ကျူးလွန်နေမယ်ဆိုရင် ဒီလူဟာ သူကိုယ်တိုင် စိတ်ဆင်းရဲမူတွေ ဖန်တီးနေတာပဲဆိုတာ ဖြစ်ပါတယ်။ ဒီလူရဲ့ ဆိုးသွမ်းနေမူကို ယောဂီက တုံ့ပြန်မယ်ဆိုရင် ယောဂီကိုယ်တိုင်ကလည်းပဲ မိမိရဲ့ စိတ်ဆင်းရဲမူကို မိမိဖန်တီးပေးလိုက်တာပဲ ဖြစ်ပါတယ်။

ဒီလို အကုသိုလ်တွေ တုံ့ပြန်မူတွေ မလုပ်ဘဲနဲ့ မေတ္တာ ကရုဏာ စိတ်ကောင်း စေတနာကောင်းတွေ မွေးဖို့ရာလိုပါတယ်။ ဒီလိုဆိုရင် ဒီလူနဲ့ ပေါင်းသင်းဆက်ဆံရေးမှာ ပြောင်းလဲလာပြီး ဒီလူကိုယ်တိုင်ကလည်း ပြောင်းလဲလာပါလိမ့်မယ်။ ကိုယ်ကိုယ်ကိုတော့ မပြောင်းလဲပါဘဲနှင့် ပြောင်းလဲဖို့လဲ စိတ်မကူးပါဘဲနဲ့ သူများတကာတွေရဲ့ အပြစ်တွေသာ လျှောက်ရှာနေရင် ပြဿနာရဲ့အဖြေကို ရှာလို့တွေ့ရတော့မှာ မဟုတ်ပါဘူး။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ ယောဂီရဲ့ စိတ်ဆင်းရဲမူထဲက လွတ်မြောက်အောင် လုပ်ဆောင်မပေးနိုင်ပါဘူး။ ဘ၀မှာ ဖြစ်ပျက်အခြေအနေတွေ၊ နည်းလမ်းအမှားတွေကို အကုသိုလ်စိတ်တွေနဲ့ တုံ့ပြန်မနေဘူးဆိုရင်တော့ ယောဂီဟယ စိတ်ဆင်းရဲမူတွေက ကင်းလွတ်ပါလိမ့်မယ်။

တကယ့်အမှန်တရားကို နားလည်ပြီးတော့ စိတ်ဆင်းရဲဒုက္ခရောက်နေတဲ့ လူတွေအပေါ်မှာ မေတ္တာ ကရုဏာတွေ ပွားများကြပါ။ မေတ္တာ ကရုဏာနဲ့ ယောဂီတို့ရဲ့ ပတ်ဝန်းကျင်ကို ပြောင်းလဲစေပြီး ယောဂီရဲ့ အခြေအနေတွေ ယောဂီနဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေကလည်း တစ်စ တစ်စနဲ့ ပြောင်းလဲလာကြပါလိမ့်မယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment