ကမ္မဋ္ဌာန်းရက် ၃-ရက်သာကျန် တရားပတ်မှာ ၇-ရက်တော့ ကုန်ဆုံးသွားပါပြီ။ ယောဂီတို့ ဆက်လက်ပြီး တရားအားထုတ်ဖို့ရာ နောက်ထပ် ၃-ရက်သာပဲ ကျန်ပါတော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ၁၀-ရက်မြောက်တဲ့နေ့မှာ မနက် ၉-နာရီခွဲလောက်မှာဆိုရင် ၀စီပိတ်၊ နူတ်ပိတ်ကျင့်စဉ်ထဲက ထွက်ကြရမှာမို့ ဖြစ်ပါတယ်။ အဲဒီအခါကျရင်တော့ ယောဂီတွေ လက်ပံပင်ဆက်ရက်ကျသလို စကားတွေ ဖောင်အောင်ပြောကြပါတော့မယ်။
ကမ္မဋ္ဌာန်းကတော့ စကားကြွယ်တာနဲ့ မအပ်စပ်ကြပါဘူး။ ဒါပေမယ့်လည်း ၁၀-ရက်နေ့ဟာ အင်မတန်အရေးကြီးတဲ့နေ့ ဖြစ်ပါတယ်။ အင်မတန်နက်နဲတဲ့ ခွဲစိတ်မူကြီး ပြီးပြီဆိုတော့ အနာကျက်စေမဲ့လိမ်းဆေးကို လိုတာမို့ဖြစ်ပါတယ်။ ၁၀ရက်နေ့ကျတော့ လိမ်ဆေးသဖွယ်ဖြစ်တဲ့ ကမ္မဋ္ဌာန်းနည်းသစ်တစ်ခုဖြစ်တဲ့ မေတ္တာဘာဝနာကို ကျင့်ကြရမှာဖြစ်ပါတယ်။ နောက်ပြီးတော့လည်း ၁၀-ရက်နေ့မှာ ကမ္မဋ္ဌာန်းနည်းကို ယောဂီတို့ရဲ့နေ့စဉ် နေရေးထိုင်ရေး ကိစ္စတွေမှာ ဘယ်လို လက်တွေ့အသုံးချမလဲဆိုတာကို ပြောပြပါ့မယ်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။
No comments:
Post a Comment