ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 3 May 2012

တိုက်တွန်းချက်နဲ့ ဆုပေး

အခုခေတ်ယောဂီတို့ဟာ မိမိတို့ရဲ့ ထူးကဲတဲ့ ပါရမီတွေကြောင့် တရားရိပ်သာကို ရောက်လာကြပြီး တန်ဖိုးမဖြတ်နိုင်တဲ့ တရားရတနာတွေကို ရနိုင်ယူနိုင်ကြတဲ့ အခွင့်အရေးတွေကို ရနေကြပါပြီ။ ယောဂီတို့ရဲ့ အတွင်းစိတ်မှာရှိတဲ့ အညစ်အကြေးတွေကို သန့်စင်စေနိုင်တဲ့ တရားဆပ်ပြာကိုလည်း ရကြပြီဖြစ်တယ်။

ယောဂီတို့စိတ်တွေ သန့်ရှင်းစင်ကြယ်လာကြအောင် ယောဂီတို့ရဲ့ တစ်သက်တာမှာလည်း အေးငြိမ်းချမ်းသာ ပျော်ရွှင်နေကြပြီး ကိုယ့်အတွက်ရော သူများအတွက်ပါ အကျိုးကျေးဇူးများ ဖြစ်စေနိုင်တဲ့ တရားဖြစ်ပါတယ်။ ကျန်ရှိနေတဲ့လေးရက်ကို အကောင်းဆုံးအသုံးပြုကြပါ။ ဘ၀ အဆက်ဆက်က စုပေါင်းသိုလှောင်လာခဲ့တဲ့ ကံဟောင်း ကံကြွေးတွေ ကိလေသာအညစ်အကြေးတွေကို အမြစ်ကစ ချေမူန်းပစ်လိုက်ကြပါ။

ယောဂီတို့ရဲ့ စိတ်မှာရှိနေတဲ့ အခွံတွေ အကျင့်ပုံစံတွေကို ပြောင်းပစ်လိုက်ကြပါ။ စိတ်ရဲ့အတွင်း အနက်ရိုင်းဆုံးအပိုင်းနဲ့ ဆက်သွယ်ပြီး ဝေဒနာတွေကို သတိနဲ့ ဥပေက္ခာနဲ့ ရူကြပါ။ သတိ ဥပေက္ခာ၊ သတိ ဥပေက္ခာနဲ့ ရူရူသွားရင် ကံဟောင်းကံကြွေး ကိလေသာတွေ အလွှားလိုက် အလွှားလိုက် ပျောက်ကွယ်သွားကြပြီး အနှောင်အဖွဲ့တွေ ခြေကွင်းတွေ ကံဟောင်းတွေ သင်္ခါရအဟောင်းတွေက လွတ်မြောက်လာပြီး နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်ကြပါလိမ့်မယ်။

ယောဂီတွေအားလုံး ဆင်းရဲအပေါင်း ဒုက္ခအပေါင်းက ကျော်လွန် လွတ်မြောက်ကြပါစေ။ ကျော်လွန်လွတ်မြောက်ကြပြီး တကယ့်အေးငြိမ်းချမ်းသာနှင့်တကွ အစစ အရာရာမှာ အဆင်ပြေကြပါစေ။

ဘ၀တု သဗ္ဗမင်္ဂလံ = ခပ်သိမ်းသော မင်္ဂလာသည် ဖြစ်ပါစေသတည်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment