အိမ်ရှင်အမျိုးသမီးတွေဟာ အ၀တ်ညစ်ပတ်တွေကို လျှော်ဖွပ်ကြသလိုပေါ့။ ဆပ်ပြာကောင်းကောင်းဝယ်ပြီး သုံးလိုက်ရင် ချေးတွေ၊ အညစ်တွေဟာ စင်သွားတာပါဘဲ။ ဒီဆပ်ပြာထဲမှာ ဘာဆေးတွေပါတယ်၊ ဘယ်ဆေးက ဘယ်လိုချေးစင်တာပါပဲ။ ဒါကြောင့် ယောဂီသိနေဖို့မလိုပါဘူး။ ဆပ်ပြာသုံးရင် ချေးစင်တာပါပဲ။ ဒါကြောင့် ယောဂီတို့က စိတ်ခန္ဓာအတွင်းက ကိလေသာချေးကို ၀ိပဿနာဆပ်ပြာနဲ့ ချွတ်ပစ်ကြစမ်းပါ။ ၀ိပဿနာဆပ်ပြာဟာ တကယ်ကောင်းပါတယ်။ တကယ်လည်း ချေးစင်ပါတယ်။ တကယ်သုံးရင် တကယ်အကျိုးထူး ခံစားရပါလိမ့်မယ်။
သိပ္ပံနည်းကျကျနဲ့ စူးစမ်းချင်တယ်ဆိုရင်လဲ ရပါတယ် လေ့လာစူးစမ်းနိုင်ပါတယ် ယောဂီတို့အနေနဲ့ ဘယ်လိုဝေဒနာမျိုးကိုမဆို ဝေဒနာတွေ ဖြစ်ပျက်နေတာကို ဥပေက္ခာနဲ့ ရူရုံသာ ရူနေပါ။ တရားက သူ့အလိုလို ဆောင်လာပါလိမ့်မယ်။ သဘာဝက သူ့အလိုလို ရုပ်နာမ်အထည်ကြီးကို စင်ကြယ်ပေးပါလိမ့်မယ်။ ဥပေက္ခာဟာ အရေးကြီးဆုံးပါပဲ ကမ္မဋ္ဌာန်းရဲ့ အနှစ်သာရပါပဲ။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။
No comments:
Post a Comment