ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 11 May 2012

ဝေဒနာကို ဥပေက္ခာနဲ့ ရူနေရင် သင်္ခါရအသစ် မဖြစ်

ဒီလို စိတ်ရဲ့ အနက်ရိုင်းဆုံးအပိုင်းမှာ မတုန်မလူပ် တည်ငြိမ်ပြီး ဥပေက္ခာဖြစ်နေဖို့ရာဟာ ယောဂီတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ခံစားနေရတဲ့ ဝေဒနာတွေကို ဥပေက္ခာနဲ့ ရူနေရမှာ ဖြစ်ပါတယ်။ အပြင်ပက အာရုံတစ်ခုခု၊ မြင်ကွင်းတစ်ခုခု၊ အသံ၊ အနံ့၊ အရသာ၊ ထိတွေ့မူ၊ စိတ်ကူးအစရှိတဲ့ တစ်ခုခုဟာ ယောဂီတို့ရဲ့ ရုပ်နဲ့ဖြစ်စေ၊ နာမ်နဲ့ဖြစ်စေ တွေ့မိ၊ ထိမိလိုက်ရင် ခံစားရတဲ့ ဝေဒနာအဖြစ်နဲ့ ပေါ်လာပါတယ်။ “ဖဿပစ္စယာ ဝေဒနာ ဆိုတာကိုး”။

ဝေဒနာ ဖြစ်ပေါ်လာတော့ ဒီဝေဒနာကို အကောင်းအဆိုး ဝေဖန်ပါတယ်။ ဝေဒနာဟာ ခံစားလို့ကောင်းတယ်၊ သာယာဖွယ် ရှိတယ်ဆိုရင် စိတ်ရဲ့ နက်ရိုင်းတဲ့ အပိုင်းက သဘောကျပါတယ်။ ပြီးတော့ တဏှာလောဘနဲ့ တုံ့ပြန်ပါတယ်။

ဝေဒနာဟာ ခံစားလို့မကောင်းဘူး၊ မသာယာဘူးဆိုရင်တော့ မကြိုက်ဘူး၊ မလိုချင်ဘူး၊ မုန်းတယ်လို့ ဒေါသနဲ့ တုံ့ပြန်ပါတယ်။ ဒီလိုဖြစ်နေတာကို ဦးနှောက်အသိဉာဏ်နဲ့တော့ ဘာမှ မတတ်နိုင်ပါဘူး။ ဘယ်လိုမှ ပြုပြင်မပေးနိုင်ပါဘူး။ ၀ိပဿနာတရားကျင့်နေတဲ့အခါမှာ ဝေဒနာတွေကို ဥပေက္ခာနဲ့ ရူနေနိုင်ရင်တော့ တုံ့ပြန်လုပ်တဲ့ အစွဲတွေ၊ အကျင့်ဟောင်းတွေ သူတို့အလိုလို ပျောက်ကင်းကုန်ကြပါလိမ့်မယ်။ ရူရုံမျှသာ ရူနေပြီး မတုံ့ပြန်တော့ဘူးဆိုရင် သင်္ခါရအသစ်တွေလဲ နောက်ထပ်မပွားတော့ပါဘူး။

သင်္ခါရအသစ်တွေ မပွားကြတော့ လက်ကျန်ရှိနေတဲ့ သင်္ခါရ အဟောင်းတွေက ပေါ်လာကြပါတယ်။ သူတို့ကိုလဲ ဥပေက္ခာနဲ့ ဆက်ပြီး ရူရူသွားမယ်ဆိုရင် သူတို့တွေလည်း ပျောက်ကွယ် ပျောက်ကွယ် သွားကြပါတယ်။ ယောဂီတို့က ဘာမှ အထူးတလည် လုပ်ပေးမနေရပါဘူး။ ပေါ်လာသမျှ ဝေဒနာကို ဥပေက္ခာနဲ့သာ ရူပေးနေရင် တရားက သူ့သဘာဝအတိုင်း သူဆောင်သွားပြီး အနုသယကိလေသာတွေဟာ စင်သထက် စင်စင်သွားပါလိမ့်မယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment