ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 3 May 2012

အင်္ဂုလိမာလ

မြတ်စွာဘုရားလက်ထက်တော်ကလည်း လူတွေထောင်သောင်းများစွာလည်း ဒုက္ခနယ်ထဲက လွတ်မြောက်ကြပါတယ်။ အင်္ဂုလိမာလသူခိုးကျော်ဟာ ဒီဘ၀မှာတင်ပဲ လူပေါင်း (၉၉၉)ယောက်ကို သတ်ခဲ့တဲ့သူပါ။ (၁၀၀၀)ပြည့်ဖို့ရန် သတ်ဖို့ရှာနေတုန်းမှာပဲ မြတ်စွာဘုရားနဲ့တွေ့ရှိပြီး တရားရရှိသွားသူဖြစ်ပါတယ်။


မြတ်စွာဘုရားက သူ့နဖူးပေါ်မှာ လက်တင်ပြီးတော့ “သင်တရားရစေ”လို့ ဆုတောင်းပေးခဲ့တာ မဟုတ်ပါဘူး။ တန်ခိုးအာနုဘော်နဲ့ “ဖြစ်စေ” တရားနဲ့ တရားပေးခဲ့တာ မဟုတ်ပါဘူး။ သူလဲယောဂီတို့လိုပါပဲ၊ ၀ိပဿနာကမ္မဋ္ဌာန်းကိုကျင့်ပြီး ဝေဒနာတွေကို သတိဥပေက္ခာနဲ့ကျင့်ပြီး ရူလာလိုက်တာ ပါရမီကလည်း အင်မတန်ထူးခြားသူ ရင့်သန်သူဖြစ်တော့ ဒီဘ၀မှာပဲ ကံဟောင်းတွေ၊ အကုသိုလ်တွေ၊ ကိလေသာတွေ အားလုံးကုန်စင်သွားပြီး ရဟန္တာအဖြစ်ကို ရောက်ရှိသွားခဲ့ပါတယ်။


လူတစ်ယောက်ကိုသတ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ အကုသိုလ်စိတ်တွေ လောဘ၊ ဒေါသ အင်မတန်လွှမ်းမိုးနေရမှာ ဖြစ်ပါတယ်။ လူ (၉၉၉) ယောက် သတ်ခဲ့တယ်ဆိုတာ ယုံနိုင်စရာတောင်မရှိပါဘူး။ ဘယ်လောက်များလိုက်မယ့် အကုသိုလ်တွေလဲဆိုတာ၊ ဒါတောင်မှ ဒီအကုသိုလ်တွေ အားလုံးက ကင်းလွတ်နိုင်ပါတယ်။


ရဟန္တာဖြစ်ပြီးတဲ့နောက် ရွာထဲရပ်ထဲမှာ ဆွမ်းခံကြတဲ့အခါကျတော့ လူတချို့က ခဲနဲ့ဝိုင်းပေါက်ကြတော့၊ တစ်ကိုယ်လုံးသွေးတွေ ယိုစီးလာပေမယ့် စိတ်ထဲကတော့ လူတွေအပေါ်မှာ မေတ္တာ ကရုဏာတွေသာ ပွားများနေခဲ့ပါတယ်။ ငါဟာအရင်တုန်းက သူတစ်ပါးတွေကို သတ်ဖြတ်ခဲ့တဲ့ မိုက်မှားခဲ့တဲ့လူပဲ။ ဒိလူတွေဟာလဲ ကံ၊ ကံရဲ့အကျိုးပေးကို မသိကြလို့ ဒီလိုလုပ်ကြတာပဲ။ ငါဟာဒီတရားကို ကျင့်ခဲ့လို့ ဒီဒုက္ခတွေ အမြင်မှားတွေထဲက ထွက်ခဲ့ရတယ်။ သူတို့လည်း သူတို့ရဲ့ စိတ်ဆင်းရဲဒုက္ခတွေက လွတ်ကင်းကြရအောင် လူတွေကိုလည်း တရားညွှန်ပြပါသေးတယ်။


ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment