သံဃံ သရဏံ ဂစ္ဆာမိဆိုတာကလည်း သံဃာတော်မြတ်တွေကို ဆည်းကပ်တယ်ဆိုရာမှာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ အသင်းအဖွဲ့တစ်ခုကို ခိုလူံတာမဟုတ်ပါဘူး။ သံဃာတော်တွေရဲ့ ဂုဏ်တော်ကို ခိုလူံတာဖြစ်ပါတယ်။ ဘယ်အမျိုးအနွယ်တွေထဲကပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းထဲကပဲဖြစ်ဖြစ် မဂ္ဂင်ရှစ်ပါးလမ်းစဉ်၊ ဓမ္မလမ်းစဉ်ကို လျှောက်ပြီး လိုက်နာကျင့်သုံးတဲ့ ပုဂ္ဂိုလ်ဟာ အဆင့် ၄-ဆင့်ဖြစ်တဲ့ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာတို့ထဲက အဆင့်တစ်ခုကို ရောက်ရှိပြီးသောသူဟာ သံဃာဖြစ်ပါတယ်။
ဒီပုဂ္ဂိုလ်ကို ဘယ်လိုအမည်နာမနဲ့ပဲ ခေါ်ခေါ် သူ့ကိုကြည့်ပြီးတော့ စိတ်အားတတ်ကြွမူတွေ ဖြစ်ပြီး၊ အတုယူပြီး ကိုယ်တိုင်ကလည်း ဒီလိုဂုဏ်အင်္ဂါတွေ တိုးပွားလာအောင်ကြိုးစားပြီး တရားမှာ ခိုင်မြဲလာအောင် ကျင့်သုံးပြီး အရိယာပုဂ္ဂိုလ်အဖြစ်ကို မှန်းပြီး ကျင့်မယ်ဆိုရင်တော့ “သံဃံ သရဏံ ဂစ္ဆာမိ”ဟာလည်း အဓိပ္ပာယ်ရှိပါတယ်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။
No comments:
Post a Comment