ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday, 14 May 2012

ဖြစ်ပေါ်နေတဲ့ အကုသိုလ်စိတ်ကိုရူနေ

ဒီလိုအမြစ်ပြတ်သုတ်သင်ဖို့ရာမှာ မိမိတို့ဟာ ပြဿနာက ထွက်ပြေးတိမ်းရှောင်နေလို့ မရပါဘူး။ တိမ်းရှောင်ပုန်းအောင်းနေတာဟာ အဖြေမှန်မဟုတ်ပါဘူး။ စိတ်အာရုံကို ပြောင်းလဲပေးလိုက်တာဟာ အဖြေမှန်မဟုတ်ပါဘူး။ ကိုယ်ခန္ဓာမှာ အာရုံခံစားမူတွေ၊ ကာမဂုဏ်ခံစားမူတွေက ဆင်းရဲခြင်းက လွတ်မြောက်အောင် မဆောင်ရွက်နိုင်သလို စိတ်ခန္ဓာနဲ့သက်ဆိုင်တဲ့ ဖျော်ဖြေမူတွေဟာလဲ မဆောင်ရွက်နိုင်ကြပါဘူး။

မူးယစ်စေတတ်တဲ့ အရက်သေစာတို့၊ ဆေးတို့ဟာ ဘေးအန္တရာယ်ရှိတတ်ကြသလို စိတ်ကို မူးယစ်စေတတ်တဲ့ လှည့်စားစေတတ်တဲ့ ကိစ္စတွေဟာလည်း ဘေးအန္တရာယ်ရှိကြပါတယ်။ သူတို့ကိုကျင့်သုံးပြီး စိတ်ရဲ့ နက်ရိုင်းတဲ့အပိုင်းကို မရောက်နိုင်ကြပါဘူး။ စိတ်ရဲ့ အပေါ်ယံအပိုင်းလောက်ကိုသာ ထိရောက်နိုင်ပါတယ်။ ဒီတော့ ပြဿနာဟာ ဒီအတိုင်းပဲကျန်ရှိပြီး အမြစ်ပြတ် မသွားသေးပါဘူး။ ပြေးပေါက်မရှိ ဖြစ်နေပါတယ်။ ဒါပေမယ့် ပြဿနာက ထွက်ပြေးပြီး ရှင်းလို့ မရနိုင်ပါဘူး။ ပြဿနာကိုရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ပြင်ပလောကမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေအရ စိတ်မှာ အညစ်အကြေးတွေ အကုသိုလ်တွေ ဖြစ်ပေါ်လာရင် စိတ်ရဲ့အာရုံကို တခြားနေရာကို လွှဲပြောင်းမပစ်ဘဲ ဖြစ်ပေါ်လာတဲ့ အကုသိုလ်စိတ်တွေကို ရူနေရမှာဖြစ်ပါတယ်။ ဥပမာ - ဒေါသ စိတ်ပေါ်လာတယ်ဆိုကြပါစို့။ မဟုတ်ရင်လည်း ကြောက်စိတ် မုန်းစိတ် တဏှာ ရာဂစိတ်တွေ လောဘစိတ်အစရှိတဲ့ ဘာအညစ်အကြေးဘဲဖြစ်ဖြစ်၊ စိတ်ထဲမှာ ပေါ်လာရင် ပေါ်လာတဲ့စိတ်ကို ရူနေပါ။ ရူရုံမျှသာ ရူနေပါ။ ဒီလိုရူရုံမျှသာ ရူနေရင် ဒီအကုသိုလ်စိတ်တွေဟာလည်း ၀စီမူ၊ ကာယမူ အထိ ဆက်ပြီးမသွားတော့ဘဲ တခြားလူတွေကိုလည်း ဘေးမဖြစ်စေတော့ပါဘူး။ ဒီအကုသိုလ်စိတ်တွေကို အတင်းဖိနှိပ် ချုပ်ချယ်ထားလိုက်ပြန်ရင်လည်း ယောဂီဟာ မိမိကိုယ်ကို ဘေးဖြစ်စေတတ်ပါတယ်။

ဒီတော့ သူတစ်ပါးကို ဘေးဖြစ်စေတဲ့ ကာယမူ ၀စီမူတွေကိုလည်း မလုပ်ပါနဲ့၊ မိမိကိုယ်ကိုဘေးဖြစ်စေတဲ့ စိတ်ကိုဖိနှိပ်ချုပ်ချယ်မူတွေကိုလည်း မလုပ်ပါနဲ့။ ဒီအစွန်းကိစ္စမျိုးကို မလုပ်တော့ဘဲ အလယ်အလတ်လမ်းစဉ်ဖြစ်တဲ့ ရူရုံမျှသာ ရူနေရင် ဒီအကုသိုလ်တွေဟာ အလွှာလိုက် အလွှာလိုက် ကွာကျသွားသလို ပျောက်ကွယ်သွားကြပြီး ယောဂီတို့ဟာ သက်သာရာ ရကြပါလိမ့်မယ်။ အဲဒီအကုသိုလ်တွေက လွတ်မြောက်သွားကြပါလိမ့်မယ်။

ဥပမာ - စိတ်ထဲမှာ ဒေါသစိတ်ပေါ်လာတယ်ဆိုကြပါစို့။ အခုပေါ်လာတဲ့ ဒေါသစိတ်ဟာ အရင်တုန်းက ယောဂီရဲ့ စိတ်ထဲမှာ အောင်းနေတဲ့ ဒေါသစိတ်တွေနဲ့ သွားဆက်သွယ်ကြပြီး စိတ်ရဲ့အပေါ်မှာ ပေါ်လာပါတယ်။ ဒီပေါ်လာတဲ့ ဒေါသကို ယောဂီက တုံ့ပြန်မူမလုပ်ဘဲ ရူရုံသာရူနေလိုက်ရင် ဒေါသတွေဟာ အခုဖြစ်ပေါ်လာတဲ့ ဒေါသတွေသာ မဟုတ်ပါဘူး။ အရင်က စုဆောင်းထားတဲ့ သိုလှောင်ထားတဲ့ ဒေါသတွေပါ ကွာကျသွားတာ ဖြစ်ပါတယ်။

ဒီလိုနဲ့ဆက်ပြီး ကျင့်သုံးသွားရင် စိတ်ရဲ့အနက်ရိုင်းဆုံးအပိုင်းမှာရှိတဲ့ ဒေါသတွေ အားလုံးကုန်စင်သွားတဲ့ အချိန်ရောက်လာပြီး အတွင်းနက်ရိုင်းတဲ့နေရာမှာ အမြစ်တွယ်နေတဲ့ အကုသိုလ်စိတ်တွေအားလုံး အမြစ်ပြတ် သုတ်သင်ခံကြရပါလိမ့်မယ်။ ဒါဟာ အင်မတန်ကောင်းတဲ့ ပြဿနာဖြေနည်း ဖြစ်ပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment