ဒီလိုနဲ့ အားလုံးဝေဒနာနဲ့ တဏှာတွေ ပျောက်ကွယ်သွားကြလိမ့်မယ်။ ဘ၀ဘ၀တွေက စုပေါင်းသိုလှောင်လာခဲ့တဲ့ သင်္ခါရတွေ ကံဟောင်းတွေ ကိလေသာတွေက တဖြည်းဖြည်း တစ်လွှာပြီး တစ်လွှာ ပျောက်ကွယ်သွားကြပြီး ယောဂီဟာ နိဗ္ဗာန်ရဲ့ ပထမဆုံး စခန်းဖြစ်တဲ့ သောတာပန်ဖြစ်လာကြပါလိမ့်မယ်။ သောတာပန်ဆိုတာကတော့ နိဗ္ဗာန်ကို ဦးတည်ပြီး စီးနေတဲ့ ရေစီးကြောင်းထဲမှာ ပါဝင်သွားတဲ့ ပုဂ္ဂိုလ်ပါပဲ။
နိဗ္ဗာန်ကိုဦးတည်ပြီး သယ်ဆောင်သွားပြီဆိုတော့ ဘယ်လိုနည်း ဘယ်လိုတန်ခိုးနဲ့မှ ဒီသောတာပန်ပုဂ္ဂိုလ်ကို နိဗ္ဗာန်မရောက်နိုင်အောင် တားဆီးပိတ်ပင်လို့ မရနိုင်တော့ပါဘူး။ သူဟာ ရုပ်နာမ်တရားတွေက ကျော်လွန်သွားပြီး နိဗ္ဗာန်ကို မလွဲမသွေရောက်မယ့်ပုဂ္ဂိုလ် ဖြစ်ပါတယ်။ အပါယ်ကို မလားဖို့နဲ့ သံသရာက လွတ်မြောက်ဖို့ရာ ကျိန်းသေသွားပါပြီ။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။
No comments:
Post a Comment