ကမ္မဋ္ဌာန်းရက် (၂)ရက်သာကျန်
တရားပတ်မှာ (၈)ရက်တော့ ကုန်ဆုံးသွားပါပြီ။ ဆက်လက်ပြီးတရားကျင့်ဖို့ရာ နောက်ထပ် (၂)ရက်သာပဲ ကျန်ပါတော့တယ်။ တရားနည်းကို ကောင်းကောင်းနားလည်ဖို့နဲ့ တရားကိုလေးလေးနက်နက် ကျင့်ဖို့ရာကတော့ (၁)ရက်တည်းပဲ ရှိပါတော့တယ်။
လမ်းစဉ်နဲ့ ကမ္မဋ္ဌာန်းနည်းကို နားလည်ဖို့လို့
ယောဂီတို့ ဒီမှာရှိနေတုန်းမှာ လမ်းစဉ်ကို သေသေချာချာ နားလည်ဖို့နဲ့ ကမ္မဋ္ဌာန်းနည်းကို နားလည်ဖို့ရာ လိုအပ်ပါတယ်။ ဒီတော့မှလည်း ယောဂီတို့ တစ်သက်တာလုံးမှာ ကောင်းကောင်းအသုံးချနိုင်မှာ ဖြစ်ပါတယ်။ လမ်းစဉ်တစ်ခုလုံးကို စကားနည်းနည်းနဲ့ ရှင်းလင်းပြသထားပါတယ်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment